Skip to main content
All CollectionsEmployee Database and organization chartsMyanmar Version
အလုပ်ထွက်သွားသောဝန်ထမ်း၏ account အား Deactivate ပြုလုပ်ခြင်း
အလုပ်ထွက်သွားသောဝန်ထမ်း၏ account အား Deactivate ပြုလုပ်ခြင်း

deactive, deactivate

Myo Zaw Hein avatar
Written by Myo Zaw Hein
Updated over 2 years ago

မိမိကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး အလုပ်ထွက်သွားသောအခါတွင် ထိုဝန်ထမ်း၏ account အား Better HR software ထဲတွင် Deactivate လုပ်ရမည်ဖြစ်ပါသည်။ သို့မှသာ ထိုဝန်ထမ်းကို deactivate လုပ်သည့်ရက် မှစ၍ Pay As You Go Plan တွင် သူ့အတွက် charges ကိုကောက်ခံခြင်းမပြုတော့မှာဖြစ်ပါသည်။ အကယ်၍ ထိုသူသည် နောင်တစ်ချိန်တွင် အလုပ်ပြန်ဝင်မည်ဆိုပါက reactivate ပြန်လုပ်ပေးနိုင်ပါသည်။

Deactivate ပြုလုပ်ခြင်း

1. Employee list တွင် မိမိ deactivate လုပ်လိုသော ဝန်ထမ်းနာမည်ကို နှိပ်ပါ။

2. ဝန်ထမ်း Profile ထဲသို့ရောက်လျှင် 'System' ထဲသို့ ဝင်ပါ။

3. 'System Status' တွင် 'Deactive User' ကိုနှိပ်ပါ။ ဝန်ထမ်း အလုပ်ထွက်သည့်နေ့ကို 'Terminated Date' တွင် ထည့်ပါ။

4. ပြီးလျှင် 'Update' ကိုနှိပ်ပါ။

5. ညာဖက်ထောင့်တွင် 'Success' ဟုပြလျှင် Deactivate ပြုလုပ်ခြင်း အောင်မြင်ပါသည်။

6. ထို့နောက် Employee list တွင် 'Deactivate' ပြုလုပ်ထားသောဝန်ထမ်း၏ account သည် အခြားဝန်ထမ်းများနှင့်မတူပဲ ခဲရောင်ဖြင့် မြင်ရမည်ဖြစ်သည်။

Noted: အကယ်၍ Deactivate လုပ်သောအကောင့်တွင် report တင်ရသောဝန်ထမ်းများရှိပါက နောက်ထပ် line manager ကို တာဝန်ပေးခြင်း

1. အလုပ်ထွက်သွားသော ဝန်ထမ်းသည် Line Manger ဖြစ်ပါက 'Deactive User' ကိုနှိပ်လိုက်လျှင် -

2. Report တင်ရသောဝန်ထမ်းများအတွက် Line Manger အသစ်ကိုပါ တစ်ပြိုင်တည်း ရွေးချယ်သတ်မှတ်ပေးနိုင်ပါသည်။ ပြီးလျှင် 'Next' ကိုနှိပ်ပါ။

3. အလုပ်ထွက်သွားသော Line Manager တွင် companyမှ ပေးထားသော Asset များရှိပါက 'Unlink Asset' ကိုနှိပ်ပါ။

4. 'Finish' ကို နှိပ်ပါ။

4. 'Success' ဟုပြလျှင် Deactivate ပြုလုပ်ခြင်း အောင်မြင်ပါသည်။

Did this answer your question?