Better HR mobile application တွင် office check-in button မီးခိုးရောင်ဖြစ်နေခြင်း ဖြစ်ရသောအကြောင်းများ
Office check in ကို အသုံးပြုမည်ဆိုပါက မိမိ သည် တာဝန်ကျရာ ရုံး location တွင်ရှိရန် လိုအပ်ပါသည်။
(၁) ပထမဦးစွာ မိမိ ဖုန်းရဲ့ GPS ကို ဖွင့်ပေးပါ။
(၂) Remote Check in ထဲဝင်ပြီး မြေပုံ ပေါ်၊မပေါ် စစ်ဆေးပါ။
မြေပုံပေါ်လာပါက
(၃) မြေပုံပေါ်လာပါက office check in button ကို လင်းလာအောင် လမ်းလျှောက်ပေးပါ။
(၄) Office check in button လင်းလာပါက၊ office check in ကို နှိပ်ပြီး attendance တင်နိုင်ပါပြီ။
မြေပုံမပေါ်သေးပါက
(၅) use without Google Play Services ကို ဖွင့်ရန် profile ပုံကိုနှိပ်ပါ။
ပြီးလျှင် setting ကိုနှိပ်ပါ။
Setting ထဲသို့ရောက်လျှင် 'Use without Google Play Service' ကိုဖွင့်ပေးပါ။
'Give permission and restart app' ကိုနှိပ်ပေးပါ။
6. Office check in button လင်းလာပါက၊ Office check in ကို နှိပ်ပြီး attendance တင်နိုင်ပါပြီ။
အားလုံးလုပ်ဆောင်ပြီးသည့်တိုင်အောင် office check in မလင်းလာပါက သက်ဆိုင်ရာ admin အားအောက်ပါတို့ကိုစစ်ဆေးခိုင်းရန်လိုအပ်ပါသည်။
(၁) Dashboard အသုံးပြုသူသည် software ထဲရှိ ၀န်ထမ်း၏ location မှန်/မမှန်စစ်ဆေးရန်လိုအပ်ပါသည်။
(၂) Dashboard အသုံးပြုသူသည် GPS တွင်ထောက်ထားသော Company’s Location မှန်/မမှန်စစ်ဆေးပါ။