အချို့သောကုမ္ပဏီများသည်တစ်နှစ်မပြည့်ခင် အလုပ်သမားများအား ခွင့်ရက်များအားလုံးကိုမပေးလိုကြပါ။ ပထမဆုံးအနေဖြင့် အစမ်းခန့်ကာလ (သို့မဟုတ် ပထမ ၅/၆ လ) တွင် ခွင့်ရက်အနည်းငယ်သာ ပေးလိုပြီးကျန်ရှိသောရက်များကို အစမ်းခန့်ကာလ (သို့မဟုတ် ၅/၆ လ) အပြီးတွင်ခံစားခွင့်ရှိစေချင်ကြသည်။ ထိုသို့သောအခြေအနေမျိုးကို Better HR မှာ ပြုလုပ်နိုင်ပါသည်။ အသေးစိတ်ကိုအောက်ပါtutorial video တွင်လေ့လာနိုင်ပါသည်။
၁) 'Setting' ကိုနှိပ်ပြီး 'Policies' ကိုနှိပ်ပါ။
၂) Policyအမျိုးအစားကိုရွေးပါ။ 'Leave' ကိုနှိပ်ပါ။
၃) သင်ပြောင်းလဲလိုသည့်ခွင့်အမျိုးအစားကိုနှိပ်ပါ။Leave Setting view သို့ရောက်လျှင် 'Scheduled' ကိုရွေးချယ်ပါ။
၄) ခွင့်စပေးလိုသော အချိန်ကိုဖြည့်ပါ။
၅) Initial သည်အစမ်းကာလ (သို့မဟုတ် ၅/၆ လ) တွင်ရရှိနိုင်သောခွင့်ရက်ဖြစ်ပြီး၊Rest Balanceသည် ထိုကာလပြီးမှရရှိနိုင်သော ခွင့်ရက်ဖြစ်သည်။
(ဥပမာ- (၁) ၆ လပြီးနောက် Annual Leave (၁၀)ရက်ပေးလိုပါက Initial အကွက်တွင် '0' နှင့် Rest Balance အကွက်ထဲတွင် '၁၀ ဖြည့်ရမည်။)(ဥပမာ-(၂) ပထမ၆လတွင် Annual Leave (၅)ရက်ပေး၍ နောက်၆လတွင် (၅)ရက်ပေးလိုပါက Initial အကွက်တွင် '5' နှင့်နောက် (၅)ရက်ကို Rest Balance အကွက်ထဲတွင်ဖြည့်ရမည်။(ဥပမာ-(၃) အစမ်းခန့်ကာလတွင် (၃)ရက်ပေး၍ ထိုကာလကျော်လွန်လျှင်(၇)ရက်ပေးမည်ဆိုပါက Initialအကွက်တွင် '3' နှင့် Rest Balance အကွက်တွင် '7' ထည့်ပေးရမည်။)
၆) 'Confirm' နှင့် 'Update Policy' ကိုနှိပ်ပါ။
၇) 'Confirm' ကိုနှိပ်ပါ။