All Collections
Training Materials
Myanmar Version
Dashboard အသုံးပြုနည်းလမ်းညွှန်
Dashboard အသုံးပြုနည်းလမ်းညွှန်
Customer Success avatar
Written by Customer Success
Updated over a week ago

(၁) Customer support team ကိုဘယ်လိုဆက်သွယ်ရမလဲ။

(၂) Branch အသစ်အတွက် Location အသစ်ထည့်နည်း

(၃) Department အသစ်ထည့်နည်း

(၄) ဝန်ထမ်းများ၏ခွင့်လက်ကျန်များ adjust လုပ်နည်း

(၅) ဝန်ထမ်းများအား software ထဲသို့ထည့်နည်း

(၆) ဝန်ထမ်းများ၏ information data များကို တစ်ပြိုင်နက်တည်း ပြင်ဆင်ခြင်း

(၇) Summarize report ကြည့်နည်းနှင့် excel file ထုတ်နည်း

(၈) Permission အသစ်တည်ဆောက်နည်း

(၉) Policy အသစ်တည်ဆောက်ခြင်း

(၁၀) အလုပ်ထွက်သွားသောဝန်ထမ်း၏ account အား Deactivate ပြုလုပ်ခြင်း

(၁) Customer support team ကိုဘယ်လိုဆက်သွယ်ရမလဲ။

သင်သည် software နှင့်ပတ်သက်ပြီးသင်ရင်ဆိုင်နေရသော ပြဿနာများရှိပါက dashboard အပေါ်ထောင့်တွင်ရှိသော message icon ကိုနှိပ်၍ Customer Support Team အားဆက်သွယ်မေးမြန်းနိုင်ပါသည်။

ယခု link တွင်လည်း article အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

(၂) Branch အသစ်အတွက် Location အသစ်ထည့်နည်း

မိမိတို့လုပ်ငန်း၏ Branch location တိုင်းကို Better HR တွင်ထည့်နိုင်ပါသည်။ ထို့ကြောင့် Dashboard အသုံးပြုသူများသည် မည်သူက မည်သည့် location တွင် အလုပ်လုပ်နေသည်ကို လွယ်လွယ်ကူကူသိရှိနိုင်ပါသည်။ Branch Location အသစ်ကို Setting > Company ရှိ Locationတွင် ''+Add another location'ကိုနှိပ်၍ ဆောင်ရွက်နိုင်ပါသည်။

ယခု link တွင် article အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

(၃) Department အသစ်ထည့်နည်း

Better HR software တွင် Dashboard အသုံးပြုသူများသည် မိမိလုပ်ငန်းအတွက်လိုအပ်သော Department အသစ်များကို Setting > Employees ထဲတွင် '+ Add Another Department' ကိုနှိပ်ပြီး ထပ်ထည့်နိုင်ပါသည်။

ယခု link တွင် article အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

(၄) ဝန်ထမ်းများ၏ခွင့်လက်ကျန်များ adjust လုပ်နည်း

Better HR တွင် dashboard အသုံးပြုသူများသည် ဝန်ထမ်းများ၏ခွင့်ရက်များကို မိမိတို့၏ ပေါ်လစီ နှင့်အညီ Setting > Policy တွင် မိမိ adjust လုပ်လိုသည့် Policy ကိုရွေးချယ်ပြီး ပြုလုပ်နိုင်ပါသည်။

ယခု link တွင်article အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

(၅) ဝန်ထမ်းများအား software ထဲသို့ထည့်နည်း

ဝန်ထမ်းများကို software ထဲသို့ထည့်လိုပါက Employees tab အောက်ရှိ create employees ကိုနှိပ်၍ထည့်နိုင်ပါသည်။

ယခု link တွင် article အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

(၆) ဝန်ထမ်းများ ၏ information data များကို တစ်ပြိုင်နက်တည်း ပြင်ဆင်ခြင်း

Better HR Dashboard အသုံးပြုသူများအနေဖြင့် တစ်ယောက်ထပ်ပိုသော ဝန်ထမ်းများ၏ position/department/line manger များပြောင်းချင်ပါက Employee tab တွင် မိမိပြောင်းလိုသော ဝန်ထမ်းများကို select ပေးပြီး edit icon ကိုနှိပ်၍ ပြောင်းလဲပြင်ဆင်နိုင်ပါသည်။

ယခု link တွင် article အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

(၇) Summarize report ကြည့်နည်းနှင့် excel file ထုတ်နည်း

Better HR တွင် dashboard အသုံးပြုသူများသည် summarize report ကို Excel view အနေဖြင့်ကြည့်နိုင်ပါသည်။ ဤနည်းအားဖြင့် admin သည် ဘယ်သူက ဘယ်နေ့တွေမှာ ဘယ်လောက်နောက်ကျကြောင်း၊ ဘယ်သူတွေ OT ဆင်းကြောင်းနှင့် တစ်လအတွင်း ဘယ်သူက ဘယ်နေ့တွေမှာ ခွင့်ဘယ်နှစ်ရက်ယူခဲ့ကြောင်းတို့ကိုကြည့်ရှုနိုင်ပါသည်။ ထို data များကို excel file အဖြစ်လဲထုတ်ယူနိုင်ပါသည်။ မိမိ၏ profile အောက်ရှိ Summarize Report ကိုနှိပ်၍ report ကို စစ်ဆေးခြင်း၊ excel export ထုတ်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။

ယခု link တွင် article အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

(၈) Permission အသစ်တည်ဆောက်နည်း

Dashboard user သည် အခြား Dashboard အသုံးပြုသူများအတွက် Permission အသစ်ဖန်တီးလိုပါက Setting> Permission ထဲရှိ 'Add New Permission' မှတဆင့် ဆောင်ရွက်နိုင်ပါသည်။ ယခု link တွင် article အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

(၉) Policy အသစ်တည်ဆောက်ခြင်း

တစ်ခါတစ်ရံတွင် dashboard အသုံးပြုသူများသည် ၄င်းတို့ကုမ္ပဏီ၏ Attendance၊ OT၊ ခွင့်နှင့် payroll တို့အတွက် policy အသစ်တည်ဆောက်ရခြင်းမျိုးရှိနိုင်ပါသည်။ Policy အသစ်တည်ဆောက်ရန် Setting> Policy ထဲတွင် 'Add New Policy' ကိုနှိပ်ပြီး ဆောင်ရွက်နိုင်ပါသည်။

ယခု link တွင် article အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

(၁၀) အလုပ်ထွက်သွားသောဝန်ထမ်း၏ account အား Deactivate ပြုလုပ်ခြင်း

မိမိကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး အလုပ်ထွက်သွားသောအခါတွင် ထိုဝန်ထမ်း၏ account အား Better HR software ထဲတွင် Deactivate လုပ်ရမည်ဖြစ်ပါသည်။ သို့မှသာ ထိုဝန်ထမ်းကို deactivate လုပ်သည့်ရက် မှစ၍ Pay As You Go Plan တွင် သူ့အတွက် charges ကိုကောက်ခံခြင်းမပြုတော့မှာဖြစ်ပါသည်။ အကယ်၍ ထိုသူသည် နောင်တစ်ချိန်တွင် အလုပ်ပြန်ဝင်မည်ဆိုပါက reactivate ပြန်လုပ်ပေးနိုင်ပါသည်။ Deactivate ပြုလုပ်ရန် Employee tab မှတဆင့် Employee profile ထဲရှိ 'System' သို့သွား၍ ဆောင်ရွက်နိုင်ပါသည်။ ယခု link တွင် article အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

Did this answer your question?