Skip to main content

Summarize report ကြည့်နည်းနှင့် export file ထုတ်ခြင်း

Myo Zaw Hein avatar
Written by Myo Zaw Hein
Updated over 3 years ago

Better HR တွင် dashboard အသုံးပြုသူများသည် summarize report ကို Excel view အနေဖြင့်ကြည့်နိုင်ပါသည်။ ဤနည်းအားဖြင့် admin သည် ဘယ်သူက ဘယ်နေ့တွေမှာ ဘယ်လောက်နောက်ကျကြောင်း၊ ဘယ်သူတွေ OT ဆင်းကြောင်းနှင့် တစ်လအတွင်း ဘယ်သူက ဘယ်နေ့တွေမှာ ခွင့်ဘယ်နှစ်ရက်ယူခဲ့ကြောင်းတို့ကိုကြည့်ရှုနိုင်ပါသည်။ ထို data များကို excel file အဖြစ်လဲထုတ်ယူနိုင်ပါသည်။ ပြုလုပ်ပုံအသေးစိတ်ကို အောက်ပါအဆင့်များအတိုင်း လေ့လာနိုင်ပါသည်။

(၁) 'Summarize Report' ကိုနှိပ်ပါ။

(၂) Summarize report တွင် ဝန်ထမ်းများနောက်ကျခဲ့သောရက်၊အချိန်၊ခွင့်ယူသောရက် များကိုနှိပ်ခြင်းဖြင့် နေ့အလိုက်အသေးစိတ်ကြည့်နိုင်ပါသည်။Excel file ထုတ်လိုပါက ထို view ထဲသို့ရောက်လျှင် ညာဘက်အပေါ်နားကိုနှိပ်၍ ထုတ်လိုသော ကာလအပိုင်းအခြားကိုရွေးချယ်ပါ။

(၃) Date ဘေးရှိ export icon ကိုနှိပ်ပြီး 'Export Excel' ကိုနှိပ်ပါ။

(၄) Download Box တွင် မိမိ export လုပ်ထားသော summary report ကို စစ်ဆေးနိုင်ပါသည်။

(၅) Exportလုပ်ပြီးသွားပါက 'Download' ကိုနှိပ်ပါ။

(၃) Excel ဖိုင်မြင်ရမည်ဖြစ်ပါသည်။

အောက်ပါ tutorial video တွင်လည်း အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

Did this answer your question?