Setting ထဲရှိ payroll tab တွင် မိမိတို့၏ company မှပေးသော allowances များနှင့် လစာဖြတ်သော deduction များရှိလျှင် '+ Create custom benefits/ + Create custom deductions' တို့ကိုနှိပ်၍ ထည့်ထားပေးရပါမည်။ ဤ article တွင် ပြုလုပ်ပုံအသေးစိတ်ကိုရှင်းပြထားပါသည်။
ထို့နောက် income tax တွက် မည့် tax option ကိုရွေးပါ။ ထို့အပြင်မိမိတွက် မည့် fiscal year နှင့် Payroll Form Close Date ကိုရွေးချယ်ပါ။ Fiscal year ကို October လ ဟုရွေးထားပါက အခွန်တွက်မည့် လသည် အောက်တိုဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့ အထိ တွက်မည်ဖြစ်ပါသည်။
Payroll Form Close Date တွင် (၂၅)ရက်ထားပါက လစာတွက်မည့်ရက်သည် ( ယခင် လ ၂၆ မှ ယခုလ ၂၅ ထိ) တွက်မှာဖြစ်ပါသည်။
Tax option တွင် Allowance are estimated for one year ဆိုသည်မှာ payroll စတွက်သည့်လ၏ ဝင်ငွေပေါ်မူတည်၍ ကျန်သည့် လများကိုပါ ထို amount နှင့် tax ဆောင်မည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
Allowances will only be paid once a month for the month received ဆိုသည်မှာ တစ်လချင်းစီ၏ ဝင်ငွေပေါ်မူတည်၍ tax ဆောင်မည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ထို့နောက် လစာကို bank account နှင့်ချိတ်၍ပေးမည်ဆိုပါက လိုအပ်မည့် bank information များကိုထည့်ပေးရမည်ဖြစ်ပါသည်။ အသေးစိတ်ပြုလုပ်ပုံကို ဤ article တွင်ကြည့်ရှုနိုင်ပါသည်။
ထို့အပြင် လစာပေးမည့်အခါတွင်သုံးမည့် Currency တွင် မြန်မာကျပ် အပြင်အခြား currency (USD၊SGD၊EUR) စသည်တို့ကို ထည့်သွင်းထားနိုင်ပါသည်။