Skip to main content

ဝန်ထမ်းအား Policy တစ်ခုမှအခြား Policy တစ်ခုသို့ပြောင်းရွှေ့ခြင်း

Written by Myo Zaw Hein

Dashboard user အနေဖြင့် ဝန်ထမ်းအား ယခုရှိနေသည့် policy မှ အခြား policy တစ်ခုသို့ (Probation policy မှ Permanent policy သို့) ပြောင်းလဲလိုပါက Setting ထဲတွင်ပြောင်းပေးရမည်ဖြစ်ပါသည်။ ထိုသို့ပြောင်းရွှေ့လိုက်သော policy သို့ရောက်ရန် ( ၁ )ရက်စောင့်ပေးရပါသည်။ပြုလုပ်ပုံအသေးစိတ်ကို အောက်ပါ video တွင်ကြည့်နိုင်ပါသည်။

၁) 'Setting' ကိုသွားပြီး 'Policies' ကိုနှိပ်ပါ။

၂) သင့်ဝန်ထမ်းအားပြောင်းလဲထည့်ထားလိုသော policy ကိုရွေး၍ 'Employee in this policy' အောက်ရှိ အစိမ်းရောင် icon ကိုနှိပ်ပါ။

၃) ၀န်ထမ်းအမည်ကိုရိုက်ထည့်ပြီး 'Confirm' ကိုနှိပ်ပါ။

၄) Employee Name/ Policy Created Date ကို ဖြည့်ပြီးပါက ထိုဝန်ထမ်းအတွက် Attendance shift ကိုရွေးချယ်ပြီး 'Confirm' ကိုနှိပ်ပါ။

၅) အရင် policy ၏ leave data များနှင့် ယခုထားမည့် policy ၏ leave data များကိုပြသော box ကျလာပါက မှန်/မမှန်စစ်ဆေး၍ 'Save' ကိုနှိပ်ပါ။

၆) 'Update Policy' နှင့် 'Confirm' ကိုနှိပ်ပါ။

ပြောင်းရွှေ့လိုက်သော Policy တွင် စတင်အလုပ်လုပ်ရန် Pending အဆင့်ဖြင့် (၁ ) ရက်စောင့်ပေးရမည်ဖြစ်ပါသည်။

Did this answer your question?