Dashboard user အနေဖြင့် ဝန်ထမ်းအား ယခုရှိနေသည့် policy မှ အခြား policy တစ်ခုသို့ (Probation policy မှ Permanent policy သို့) ပြောင်းလဲလိုပါက Setting ထဲတွင်ပြောင်းပေးရမည်ဖြစ်ပါသည်။ ထိုသို့ပြောင်းရွှေ့လိုက်သော policy သို့ရောက်ရန် ( ၁ )ရက်စောင့်ပေးရပါသည်။ပြုလုပ်ပုံအသေးစိတ်ကို အောက်ပါ video တွင်ကြည့်နိုင်ပါသည်။
၁) 'Setting' ကိုသွားပြီး 'Policies' ကိုနှိပ်ပါ။
၂) သင့်ဝန်ထမ်းအားပြောင်းလဲထည့်ထားလိုသော policy ကိုရွေး၍ 'Employee in this policy' အောက်ရှိ အစိမ်းရောင် icon ကိုနှိပ်ပါ။
၃) ၀န်ထမ်းအမည်ကိုရိုက်ထည့်ပြီး 'Confirm' ကိုနှိပ်ပါ။
၄) Employee Name/ Policy Created Date ကို ဖြည့်ပြီးပါက ထိုဝန်ထမ်းအတွက် Attendance shift ကိုရွေးချယ်ပြီး 'Confirm' ကိုနှိပ်ပါ။
၅) အရင် policy ၏ leave data များနှင့် ယခုထားမည့် policy ၏ leave data များကိုပြသော box ကျလာပါက မှန်/မမှန်စစ်ဆေး၍ 'Save' ကိုနှိပ်ပါ။
၆) 'Update Policy' နှင့် 'Confirm' ကိုနှိပ်ပါ။
ပြောင်းရွှေ့လိုက်သော Policy တွင် စတင်အလုပ်လုပ်ရန် Pending အဆင့်ဖြင့် (၁ ) ရက်စောင့်ပေးရမည်ဖြစ်ပါသည်။