Skip to main content

ဝန်ထမ်း profile အတွက်လိုအပ်သော custom field များဆောက်ခြင်း

Myo Zaw Hein avatar
Written by Myo Zaw Hein
Updated over 3 years ago

Software တွင် default ပါဝင်သော အချက်အလက်များအပြင် ထပ်ထည့်လိုသည်များရှိပါက custom field များဆောက်၍ထည့်ပေးနိုင်ပါသည်။ Custom field ရှိtab များ၏အသုံးဝင်ပုံကို ဤarticle တွင်ဖော်ပြထားပါသည်။ ဥပမာအားဖြင့် ၀န်ထမ်းများ၏ uniform size ကိုသတ်မှတ်လိုပါက custom field တွင်သတ်မှတ်နိုင်ပါသည်။ ပြုလုပ်ပုံအသေးစိတ်ကို video တွင်လေ့လာနိုင်ပါသည်။

၁). Settings သို့သွား၍ 'Employees' ကိုနှိပ်ပါ။

၂). Additional Custom fields for employee profiles နေရာတွင် 'Add custom fields' ကိုနှိပ်ပါ။

၃). မိမိထည့်လိုသောအချက်အလက်နှင့်ရွေးချယ်မှုများကိုရေးပါ။ မတူညီသော format များကိုရွေးချယ်နိုင်ပါသည်။

၄). Log in ဝင်သည့်အချိန်တွင် ၀န်ထမ်းများအနေဖြင့်ဖြည့်ရန်လိုအပ်ပါက 'Required' ကိုနှိပ်ပါ။

၅). ၀န်ထမ်းများအနေဖြင့်သူတို့၏အချက်အလက်များကိုဖြည့်စွက်နိုင်ရန် 'View'နှင့် 'Edit' ကိုနှိပ်ပါ။အချက်အလက်ကို ဝန်ထမ်းအားမမြင်စေချင်ပါက 'Hide' ထားပြီး ဝန်ထမ်းအားမြင်ခွင့်ပေးမည်ဆိုပါက 'View only' ကိုရွေးချယ်ပေးနိုင်ပါသည်။

၆). နောက်ဆုံးအနေဖြင့် 'Apply Custom Field' ကိုနှိပ်ပါ။

Did this answer your question?