All Collections
Payroll
Myanmar Version
Payroll Set up လုပ်ခြင်း
Payroll Set up လုပ်ခြင်း
Customer Success avatar
Written by Customer Success
Updated over a week ago

Payroll တွက်ချက်ရန်အတွက် ပထအအဆင့်အနေဖြင့် set up ချရန်လိုအပ်ပါသည်။ Set up ချရာတွင် ပြင်ဆင်ရမည့်နေရာများဖြစ်သော Setting ထဲရှိ payroll၊ policy ထဲရှိ payroll၊ ဝန်ထမ်း profile ထဲရှိ payroll setting နှင့် tax information တို့တွင် အချက်အလက်များကို ဖြည့်စွက် ပေးရန်လိုအပ်ပါသည်။

Setting ထဲတွင် payroll set up လုပ်ခြင်း

၁) မိမိ၏ 'Profile' ပေါ်ကို နှိပ်ပြီး 'Setting' သို့သွားပါ။

၂) payroll ကိုနှိပ်ပါ။

၁. Custom allowances and deductions များထည့်ခြင်း

မိမိ Company တွင် အခြေခံလစာအပြင် အခြားသော အကျိုးခံစားခွင့်များနှင့် နှုတ်ယူမှုများ ရှိပါက Better HR Payroll တွင် သတ်မှတ်ထားနိုင်ပါသည်။

၂. Income tax option ရွေးခြင်း

Allowances will only be paid once a month for the month received ဆိုသည်မှာ တစ်လချင်းစီ၏ ဝင်ငွေအနည်း/အများပေါ်မူတည်၍ tax ဆောင်မည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

Tax option တွင် Allowance are estimated for one year ဆိုသည်မှာ payroll စတွက်သည့်လ၏ ဝင်ငွေပေါ်မူတည်၍ ကျန်သည့် လများကိုပါ ထို amount နှင့် tax ဆောင်မည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

၃ . Fiscal year သတ်မှတ်ခြင်း

မိမိcompany ၏ fiscal year ရဲ့လအစကို ရွေးချယ်နိုင်ပါသည်။(အစိုးရမှ သတ်မှတ်ထားသော FY သည် Apr-Mar ဖြစ်ပါသည်။)

၄. Bank information ထည့်ခြင်း

Bank Information တွင် Payroll တွက်ပြီးပါက Bank သို့ ပေးရမည့် အချက်အလက်များကို

'+ Add New Payment Method' ကိုနှိပ်ပြီး ထည့်သွင်း နိုင်ပါသည်။

Bank Information ထည့်ခြင်းကို အောက်ပါ video တွင်လည်း ကြည့်ရှုနိုင်ပါသည်။

၅. Form close date သတ်မှတ်ခြင်း

မိမိ ရုံးတွင် payroll ပိတ်သည့်ရက် Payroll Form Close Date ကို သတ်မှတ်နိုင်ခြင်း နှင့် တစ်လ အတွင်း Payroll နှစ်ခါ ပေးခြင်းတို့ရှိပါကလည်း သတ်မှတ်ထားနိုင်ပါသည်။

၆.Currency ရွေးချယ်ခြင်း

မိမိ Companyတွင် ဝန်ထမ်းများ၏ လစာကို မြန်မာငွေကျပ်(MMK) အပြင် တခြားသော currency များဖြင့်ပေးလိုပါက Supported Currencies ၏ ညာဘက်ထောင့်တွင်ရှိသော Edit Button ကိုနှိပ်ပြီး မိမိအသုံးပြုလိုသော Currency ကိုရွေးချယ်နိုင်ပါသည်။

Edit Button ကိုနှိပ်ပြီး Select Currencies ဆိုသော boxလေးကျလာလျှင် မိမိအသုံးပြုလိုသော currencyကို ရိုက်ရှာပြီး ရွေးချယ်နိုင်ပါသည်။ ပြီးလျှင် create ကိုနှိပ်ပြီး save လုပ်ပေးပါ။

Exchange Rateပြောင်းလိုပါက ပြောင်းလိုသော Currency ၏ ဘယ်ဘက်အောက်တွင်ရှိသော အစက်သုံးစက်ပေါ် click တင်၍ edit exchange rate ကိုနှိပ်ပြီး ပြောင်းနိုင်ပါသည်။

Exchange rateသည် defaultအနေဖြင့် Central Bankမှ သတ်မှတ်ထားသော နှုန်းထားအတိုင်း ဝင်နေမည်ဖြစ်ပါသည်။ Exchange rate ကို custom သတ်မှတ်လိုပါက Custom exchange rate ကိုရွေးပါ။

မိမိသတ်မှတ်လိုသော rateကို ရိုက်ထည့်ပြီး confirmနှိပ်ပါ။

Setting ထဲတွင် Payroll အတွက် Policy Set up လုပ်ခြင်း

၁) Setting ထဲရှိ Policies ကိုသွားပြီး payroll တွက်မည့် ဝန်ထမ်းရှိသည့် policy ကိုနှိပ်ပါ။

၂) ထို policy ထဲကိုရောက်လျှင် payroll tab ကိုနှိပ်ပါ။

Policy ထဲရှိ Payrollထဲသို့ ဝင်ရောက်ပုံကို အောက်ပါ videoတွင်လဲ ကြည့်ရှုနိုင်ပါသည်။

၁ . Day rate သတ်မှတ်ခြင်း

Better HR တွင် Day Rate ကို Actual Working Days, Depend on the day of the month နှင့် Custom days တို့ဖြင့် တွက်ချက်နိုင်ပါသည်။

၂. Allowances (Affect income tax and SSB) သတ်မှတ်ခြင်း

Allowances တစ်ခု ချင်းစီတွင် Tax နှင့် SSB များ ထည့်တွက်မည် ဆိုပါက 'Affect income tax calculation' နှင့် 'Affect SSB calculation' ကို အမှန်ခြစ်ပေးရန် လိုအပ်ပါသည်။

၃. OT calculation

Payroll တွင် overtime ကို Hourly rate ဖြင့်လည်းကောင်း၊ Fixed amount ဖြင့်လည်းကောင်းတွက်ချက်နိုင်ပါသည်။

၄. Deductions (Affect income tax and SSB) သတ်မှတ်ခြင်း

Deduction တွင် late, absent များကိုနှုတ်ပြီးမှ tax တွက်မည်ဆိုပါက 'Affect income tax calculation' နှင့် 'Affect SSB calculation' ကို အမှန်ခြစ်ပေးရန် လိုအပ်ပါသည်။

၅. Absent Deduction

Attendance မလုပ်သောဝန်ထမ်းများကို လစာဖြတ်ရာတွင် Day rate ဖြင့်သော်လည်းကောင်း၊ ဆတိုး rate ဖြင့်သော်လည်းကောင်း၊ Fixed amount ဖြစ်သော်လည်းကောင်းဖြတ်နိုင်ပါသည်။

Absent Deductionအတွက် အောက်ပါ videoတွင်လည်း ကြည့်ရှုနိုင်ပါသည်။

၆. Unpaid leave deduction

Unpaid leave type ဖြင့်ခွင့်တင်ထားသောဝန်ထမ်းကို လစာဖြတ်ရာတွင် တစ်လအတွင်းသူယူခဲ့သော unpaid leave day စုစုပေါင်းနှင့် day rate ကိုမြောက်၍ရလာသော amount ကိုဖြတ်မည်ဖြစ်ပါသည်။

Employee Profile တွင် payroll setting နှင့် tax information များသတ်မှတ်ခြင်း

Employee profile တွင် ဝန်ထမ်း၏ လစာ၊ payment type၊ tax information များထည့်ပေးနိုင်ပါမည်။ (မှတ်ချက် - Employee profile တွင် ဝန်ထမ်းလစာ ကို မြန်မာကျပ်(သို့) Currency တစ်ခုခု ထည့်ထားခြင်းမရှိပါက Payroll တွက်သည့် အချိန်တွင် လည်း လစာကို ထည့်နိုင်ပါသည်။)

ဝန်ထမ်း၏ payroll setting နှင့် tax information ဖြည့်သွင်းပုံကို အောက်ပါvideo များတွင်လည်း ကြည့်ရှုနိုင်ပါသည်။

Did this answer your question?