Scan Check-in သည် Better HR မိုဘိုင်းအသုံးပြုသူများအတွက် check-in လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ Scan Check-in အသုံးပြုရန်အတွက် ကုမ္ပဏီအနေဖြင့် android ဗားရှင်း ၅.၀ နှင့်အထက်ရှိသည့် tablet (သို့) ဖုန်း တစ်လုံး (သီးသန့်) ထားရှိပေးရန် လိုအပ်ပါသည်။ ထို tablet (သို့) ဖုန်းတွင် Better HR Office applicationကို downloadလုပ်ရန် လိုအပ်ပါသည်။ အဆိုပါ tablet (သို့) ဖုန်းတွင် အင်တာနက်အမြဲဖွင့်ထားရန်နှင့် power အမြဲရှိရန်လိုအပ်ပါသည်။ ဤ applicationမှ scanဖတ်ရန်စက္ကန့် ၂၀ တိုင်းတွင် QR ကုဒ်အသစ်ကိုထုတ်ပေးပါလိမ့်မည်။ မိုဘိုင်းဖုန်းအသုံးပြုသူများသည် scan check-inကို အသုံးပြုရန်မိမိ၏လက်ရှိတည်နေရာ(GPS)ကိုဖွင့်ရန်လိုအပ်ပါသည်။ အခြားနေရာများမှ (သို့မဟုတ်) ကုမ္ပဏီသို့မလာဘဲ scan check-in ကို အသုံးပြု၍ရမည်မဟုတ်ပါ။
Scan Check-in ကိုဘယ်လိုအသုံးပြုမလဲ
Android Phone နှင့် Android Tablets များဖြင့် Play Store တွင် 'Better HR Office' ကို Download လုပ်ရန်လိုအပ်ပါသည်။
၁) သင်၏’Domain Name’ကိုရိုက်ပါ။
၂) Email (သို့) ဖုန်းနံပါတ်ဖြင့်လော့အင်ဝင်ပါ။
၃) သင့်အလုပ်၏တည်နေရာကိုရွေးချယ်ပါ။
၄) ယခုသင်သည် scan check-inကို စတင်နိုင်ပါသည်။
* ဤ QR ကုဒ်သည်စက္ကန့် ၂၀ တိုင်းပြောင်းနေမည်ဖြစ်ပါသည်*
ဝန်ထမ်းများ၏မိုဘိုင်းဖုန်းတွင် scan check-in ကိုဤနေရာတွင်နှိပ်၍တင်ရမည်ဖြစ်ပါသည်။
** မိုဘိုင်းအသုံးပြုသူများသည်လက်ရှိတည်နေရာ(GPS)ကိုဖွင့်ရန်လိုအပ်သည်။**