Skip to main content

Office Attendance ဆိုတာဘာလဲ။ဘယ်လိုအသုံးပြုရမလဲ။

Myo Zaw Hein avatar
Written by Myo Zaw Hein
Updated over 3 years ago

ဝန်ထမ်းများအနေဖြင့်သူတို့၏ Check In၊ Check Out, Break In, Break Out ကို ရုံးမှာရှိနေချိန်တွင် appတွင် အလွယ်တကူမြန်မြန်ဆန်ဆန်ပြုလုပ်နိုင်ပါသည်။ ဤစနစ်သည် QR နှင့် fingerprint ကိုအသုံးပြုရန်မလိုအပ်ပဲ အလွယ်တကူ Attendance ပြုလုပ်နိုင်ပါသည်။

Dashboard ၏setting ထဲတွင် office attendanceကိုenable လုပ်ရန် -

၁) မိမိ၏ 'Profile' ပေါ်ကို နှိပ်ပြီး 'Setting' ကိုရွေးပါ။

၂) 'Policies' ကိုနှိပ်ပြီး သင်ပြောင်းလဲလိုသည့် 'Policy' ကိုရွေးချယ်ပါ။

၃) Policy ထဲသို့ဝင်လိုက်သည်နှင့် အောက်ဆုံးတွင်ရှိသော 'Other settings' တွင် 'Office Attendance' ကိုဖွင့်ပေးပါ။ ရုံးဧရိယာပတ်လည်အတွင်း Office Attendance တင်နိုင်ရန် Meter Range ကို သတ်မှတ်ပေးပါ။

၄) 'Update Policy' ကို နှိပ်ပြီး 'Confirm' ကို နှိပ်ပါ။


အောက်ပါ tutorial videoတွင်လည်း အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။

၀န်ထမ်းများသည် Easy Attendance ကို app၏ ဤနေရာမှ တင်နိုင်ပါသည်။

Did this answer your question?