တစ်ခါတစ်ရံတွင် အချို့သောပြဿနာများကြောင့် reportတင်ရန် လိုအပ်သော အချက်အလက်များကို email ပို့ရန် (သို့မဟုတ်) Management Level မှ တစ်စုံတစ်ဦးထံ အစီရင်ခံရန်အတွက် Attendance dataကို Excel File ထုတ်ရန်လိုအပ်နိုင်ပါသည်။ Better HR software တွင် ဝန်ထမ်းအားလုံး၏ Attendance data သာမက တစ်ဦးတစ်ယောက်ချင်းစီ၏ နေ့အလိုက် Attendance dataများကိုပါ Excel File ဖြင့်ထုတ်၍ ကြည့်ရှုနိုင်ပါသည်။
ဝန်ထမ်းအားလုံး၏ Attendance Dataကို Excel File ထုတ်ခြင်း
၁). 'Attendance' tabတွင် မိမိexport ထုတ်လိုသော ရက်ကို ရွေးပါ။
၂). ညာဖက်ထောင့်တွင်ရှိသော အစက်၃စက်မှတဆင့် 'Export Excel' ကိုနှိပ်ပေးရပါမည်။
အောက်ပါ tutorial video တွင်လည်း အသေးစိတ်ကို လေ့လာနိုင်ပါသည်။
ဝန်ထမ်းတစ်ယောက်စီ၏ Attendance Dataကို Excel Fileထုတ်ခြင်း
၁). 'Attendance' tab တွင် မိမိ export ထုတ်လိုသော ဝန်ထမ်းအမည်ပေါ်ကို နှိပ်ပါ။
၂). Export ထုတ်လိုသော လကိုရွေးပါ။
၃). ညာဖက်ထောင့်တွင်ရှိသော အစက်၃စက်မှတဆင့် 'Export Excel' ကိုနှိပ်ပေးရပါမည်။
အောက်ပါ tutorial video တွင်လည်း အသေးစိတ်ကို လေ့လာနိုင်ပါသည်။