Skip to main content

ပုံသေအလုပ်ချိန်မရှိသော ဝန်ထမ်းများအတွက် scheduler အသုံးပြု၍အလုပ်ချိန်များသတ်မှတ်ပေးခြင်း

Written by Myo Zaw Hein

Supermarketများနှင့် ဆေးရုံများ ကဲ့သို့သော အဖွဲ့အစည်းများတွင် ဝန်ထမ်းအချို့သည် ပုံသေအလုပ်ချိန်များ မရှိကြပါ။ ဤသို့သော လုပ်ငန်းများသည် Better HR တွင် Scheduler ကိုသုံးပြီး အလုပ်ချိန်များကိုသတ်မှတ်ပေးနိုင်ပါသည်။

(၁) 'Employees'ကိုနှိပ်ပါ။

(၂) သင်အချိန်ဇယားဆွဲလိုသည့် ဝန်ထမ်းအမည်ကိုရွေးချယ်ပါ။

(၃) Policy ကိုနှိပ်ပြီး 'New Attendance Setting Name' တွင် ပုံမှာပြထားတဲ့အတိုင်း No Schedule ကိုရွေးပါ။

(၄) ညာဘက်အပေါ်ဆုံးမှ Update ကိုနှိပ်ပါ။

(၅) ‘Attendance'ကိုနှိပ်ပြီး ပုံမှာပြထားတဲ့နေရာကိုနှိပ်ပြီး Scheduler ကိုရွေးချယ်ပါ။

(၆) အလုပ်ချိန် သတ်မှတ်လိုသော ဝန်ထမ်းကိုရှာပြီး ဆင်းရမည့်ရက်တွင် Add Shift ဘေးက '+'ကို နှိပ်၍ အလုပ်ချိန်များကို assign ချပါ။

(၇). 'Publish'ကိုနှိပ်ပါ။

(၈). နောက်တကြိမ် 'Publish'ကိုနှိပ်ပါ။

(၉) 'Success' ဟုပြလျှင် Scheduleထည့်ခြင်း အောင်မြင်ပါသည်။

အသေးစိတ်ကို အောက်ပါ tutorial videoတွင်လည်း လေ့လာနိုင်ပါသည်။

Note: အကယ်၍ အလုပ်ချိန်တူသောဝန်ထမ်းများရှိပါက (သို့) department (၁) ခုလုံး အတူတူဆင်းရမည်ဆိုပါက အောက်ပါ video အတိုင်းလုပ်ဆောင်နိုင်ပါသည်။ ဤ Link ကိုနှိပ်ပြီး article အသေးစိတ်ကိုလဲ ကြည့်ရှုနိုင်ပါသည်။

Did this answer your question?