အချို့သောလုပ်ငန်းများသည် ၄င်းတို့၏စည်းမျဉ်းများအရ အလုပ်အဆိုင်းချိန်များစွာရှိနိုင်ပါသည်။ Better HR တွင် dashboard အသုံးပြုသူသည် ၀န်ထမ်းတစ် ဦးစီ၏ အလုပ်ချိန်အဆိုင်းများကို သတ်မှတ်ပြီး ထိုအလုပ်ဆိုင်းများကို သက်ဆိုင်ရာဝန်ထမ်းတစ်ယောက်စီ၌ တာဝန်ချထားပေးနိုင်ပါသည်။ ထို့ကြောင့် မည်သူကမည်သည့်အလုပ်ချိန်ကို ဆင်းနေကြောင်းကို Dashboard တွင် သင်တွေ့မြင်နိုင်ပါသည်။
အလုပ်ချိန် (working shifts)အသစ်များ သတ်မှတ်ခြင်း
၁). Policies' ကို နှိပ်၍ အလုပ်ချိန်အသစ်ထည့်လိုသည့် policyကိုရွေးချယ်ပြီး 'Attendance' ကိုနှိပ်ပါ။
၂). '+ Add the custom attendance setting'ကိုနှိပ်ပါ။ ထပ်ထည့်လိုသည့် အလုပ်ချိန်နာမည်ရေးပြီး ဆင်းရမည့်ရက်နှင့်အချိန်တို့ကိုသတ်မှတ်ပါ။ 'Confirm' နှိပ်ပါ။
၃). 'Update Policy' ကိုနှိပ်ပါ။
အသေးစိတ်ကို အောက်ပါ tutorial video တွင်ဖြစ်စေ ဤ Link ကိုနှိပ်၍ဖြစ်စေ ကြည့်ရှုနိုင်ပါသည်။
ထိုအလုပ်ချိန်များကို ဝန်ထမ်းများတွင် assignချပေးခြင်း
၁). 'Employees'ကိုနှိပ်ပါ။ သင်assignချပေးလိုသော ဝန်ထမ်းနာမည်ကိုနှိပ်ပါ။
၂). 'Policy'ကိုနှိပ်ပြီး 'No Schedule' ကိုရွေးပါ။ 'Update' ကိုနှိပ်ပါ။
၃). Attendance'ကိုနှိပ်ပါ 'Scheduler' ကိုရွေးချယ်ပါ။
၄). ဝန်ထမ်းတွင်Shift များထည့်ရန် '+' ကိုနှိပ်ပါ။
၅). 'Publish' ကိုနှိပ်ပါ။
အသေးစိတ်ကို အောက်ပါ tutorial video တွင်ဖြစ်စေ ဤ Link ကိုနှိပ်၍ဖြစ်စေ ကြည့်ရှုနိုင်ပါသည်။