All Collections
Training Materials
Myanmar Version
Better HR Mobile App အသုံးပြုနည်းလမ်းညွှန်
Better HR Mobile App အသုံးပြုနည်းလမ်းညွှန်
Customer Success avatar
Written by Customer Success
Updated over a week ago

Better HR mobile user များအနေဖြင့် Better HR Application ကို download ပြုလုပ်ခြင်း၊log-in ဝင်ခြင်း၊check-inတင်ခြင်း၊ Leave/Overtime request တင်ခြင်း စသည်တို့ကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။

၁. Better HR ကို install ပြုလုပ်ခြင်း

၂. မိမိ၏ organization သို့ဝင်ရောက်ခြင်း

၃. ဖုန်းနံပါတ်ဖြင့် login ဝင်ခြင်း

၄. emailဖြင့် login ဝင်ခြင်း

၅. Password reset ပြုလုပ်ခြင်း

၆. မိမိ၏ကိုယ်ရေးအချက်အလက်များဖြည့်စွက်ခြင်း

၇. ပင်မစာမျက်နှာ အကျဉ်းချုပ်

၈. Check in ပြုလုပ်ခြင်း

(က) QR code ဖြင့်check in ပြုလုပ်ခြင်း

(ခ) Office check-inပြုလုပ်ခြင်း

(ဂ) Remote check-in ပြုလုပ်ခြင်း

၉. OT request တင်ခြင်း

၁၀. ခွင့်တင်ခြင်း

၁၁. Line Manger သည် Attendance, OTနှင့် Leave များကိုကြည့်နိုင်ခြင်း

၁၂. Setting ပြင်ဆင်ခြင်း

၁၃.Profile - ကိုယ်ရေးအချက်အလက် များ ကိုပြင်ဆင်ခြင်း

၁၄. မိမိ၏ family info, files နှင့် assetsများကိုကြည့်နိုင်ခြင်း

၁၅.ကုမ္ပဏီမှချမှတ်ထားသောမူဝါဒများကိုကြည့်ခြင်းး

Better HR Mobile App အသုံးပြုနည်းလမ်းညွှန် pdf file ကို ယခု link မှ download ပြုလုပ်ပြီး လေ့လာနိုင်ပါသည်။

၁. Better HR ကို install ပြုလုပ်ခြင်:

Better HR Appကို Google Play Store သို့မဟုတ် iOS App Store မှ download လုပ်ပါ။

အောက်ပါ linkများတွင်လဲ application ကို downloadလုပ်ယူနိုင်ပါသည်။

IOS apk - link

၂. မိမိ၏ organization သို့ဝင်ရောက်ခြင်း

Organization တိုင်းရဲ့ dataလုံခြုံမှုရှိစေရန်အတွက် organizationတခုချင်းစီကို domainတခုစီခွဲပေးထားပါသည်။ မိမိ organization သို့ဝင်ရောက်ရန် အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါသည်။

၃. ဖုန်းနံပါတ်ဖြင့် login ဝင်ခြင်း

မိမိသည် email မသုံးပဲ ဖုန်းနံပါတ်ဖြင့် login ဝင်လို့ပါက အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါသည်။မိမိ၏ဖုန်းနံပါတ်ကိုအပြည့်စုံရိုက်ပြီး verify phone numberကိုနှိပ်လိုက်လျှင် code နံပါတ်၆လုံးကို ဖုန်းထဲသို့ message ပို့ပေးပါလိမ့်မည်။ ထိုနံပါတ်ကို ရိုက်ထည့်လိုက်ပါက auto-loginဖြစ်သွားပါလိမ့်မည်။

၄. Emailဖြင့် login ဝင်ခြင်း

မိမိကိုယ်ပိုင် emailဖြင့် loginဝင်မည်ဆိုပါ emailထဲတွင်better hrမှပို့သော passwordရောက်မရောက်ကိုစစ်ပါ။ email ရောက်လျှင် အောက်ပါပုံအတိုင်း email နှင့် passwordထည့်ပြီး loginကိုနှိပ်ပါ auto-loginဖြစ်သွားပါလိမ့်မည်။

၅. Email ဖြင့် password reset ပြန်လုပ်ခြင်း

မိမိအသုံးပြုနေသော emailဖြင့် loginဝင်ထားပြီး password မေ့သွားပါက forget passwordကိုနှိပ်ပြီး အောက်ပါ အတိုင်းဆောင်ရွက်နိုင်ပါသည်။

၆. မိမိ၏ကိုယ်ရေးအချက်အလက်များဖြည့်စွက်ခြင်း

Loginဝင်ပြီးလျှင် မိမိ၏ကိုယ်ရေးအချက်အလက်များဖြစ်သော မွေးနေ့၊ မှတ်ပုံတင်နံပါတ်၊ မှတ်ပုံတင် အရှေ့ခြမ်း၊ အနောက်ခြမ်းများကို ဖြည့်စွက်ပြီး saveကိုနှိပ်ပါ။ ပြီးလျှင်ပင်မစာမျက်နှာသို့ရောက်ရှိသွားပါလိမ့်မည်။

၇. ပင်မစာမျက်နှာ အကျဉ်းချုပ်

ပင်မစာမျက်နှာ အကျဉ်းချုပ်တွင်

(က) ကိုယ်ရေးရာဇဝင်

(ခ) ၁လအတွင်းအစောရောက်သောအချိန်နှင့်နောက်ကျမှ ရောက်သော အချိန်

(ဂ) ယနေ့အတွက်check in/check out အချိန်

(ဃ) OT request တင်ခြင်း

(င) QR codeဖြင့် check in တင်ခြင်း

(စ) ကိုယ်ရောက်နေတဲ့ နေရာကို မြေပုံနှင့် တကွ attendance တင်ခြင်း

(ဆ) ရုံးမှာရှိနေစဉ် easy check in တင်ခြင်း

(ဇ) လုပ်ဖော်ကိုင်ဖက် များ၏ attendance statusများကိုမြင်နိုင်ခြင်း(On Time, Not Arrived) စသည်များကို တွေ့နိုင်ပါသည်။

၈. Check in ပြုလုပ်ခြင်း

Better HR appဖြင့် check inပြုလုပ်ရာတွင် အောက်ပါနည်းလမ်းများအတိုင်း check inပြုလုပ်နိုင်ပါသည်။

(က) QR code ဖြင့်check in ပြုလုပ်ခြင်း

Better HR Office app မှQR codeကိုscan ဖတ်ပါ။ QR codeသည် sec 20 တကြိမ်refreshဖြစ်သည့်အတွက် ရုံးတွင် printထုတ်ပြီး စာရွက်ဖြင့်ကပ်ထားလို့မရပါ။

(ခ) Office check-inပြုလုပ်ခြင်း

မိမိသည်ရုံးတွင်ရှိနေပါက Office check-inကိုနှိပ်ပါ။ အဝင်ဆို check-in၊ အထွက်ဆို check outကိုနှိပ်ပေးပါ။ အောက်ပါပုံအတိုင်း အပြာရောင်ဘားလေးပေါ်လာရင် အောင်မြင်ပါပြီ။

(ဂ) Remote check-in ပြုလုပ်ခြင်း

မိမိသည် remote/ work from home ဖြစ်နေပါက remote check-inကိုနှိပ်ပါ။ locationပေါ်လာပြီဆိုလျှင် reasonထည့်ပြီး send requestနှိပ်ပါ။ Home page၏ညာဘက်ထောင့်တွင် check in pending ဆိုပြီးဝါသွားရင်အောင်မြင်ပါပြီ။

၉. OT request တင်ခြင်း

OT တင်ရန်အတွက် Overtimeကိုနှိပ်ပါ။ '+' sign ကိုနှိပ်ပါ ပြီးလျှင် OT တင်မည့် အချိန်နှင့်ရက်ကိုရွေးပါ။ OT လုပ်ရသည့် အကြောင်းရင်းကို အတိုချုပ်ရေးပြီးလျှင် send request ကိုနှိပ်ပါ။

၁၀. ခွင့်တင်ခြင်း

Better HR မှခွင့် တင်လိုလျှင် leave tabကိုနှိပ်ပါ ပြီးလျှင်request leaveကိုနှိပ်ပါ။ ခွင့်အမျိုးအစားနှင့် ခွင့်ယူမည့်ရက်ကိုရွေးပြီး ခွင့်ယူရသည့်reasonထည့်ပြီး send requestကိုနှိပ်ပါ။

၁၁. Line Manger သည် Attendance, OTနှင့် Leave များကိုကြည့်နိုင်ခြင်း

Line Manager များသည် Inboxကိုနှိပ်၍

(က) Leave Approval တွင် လက်တလောခွင့်ယူထားသူများအပြင် လာမည့်ရက်များတွင် ခွင့်ကြိုယူထားသူများကိုကြည့်နိုင်ခြင်း

(ခ) Attendance Approval တွင် ဝန်ထမ်းမှ attendanceတင်ရာတွင် ထိုဝန်ထမ်းရောက်နေသော နေရာကို မြေပုံနှင့်တကွမြင်ရခြင်း

(ဂ) OT Approval တွင် ဝန်ထမ်းမှတင်ထားသော OT အချိန်ကိုမိမိပေးချင်သလောက် adjustလုပ်နိုင်ခြင်းစသည်တို့ကို ပြုလုပ်နိုင်ပါသည်။

၁၂. Setting ပြင်ဆင်ခြင်း

Setting တွင်

(က) ဘာသာစကားပြောင်းခြင်း

(ခ) စကားဝှက်ပြောင်းခြင်း

(ဂ) Xiaomi ဖုန်းများအတွက် play service မပါပဲ GPS အသုံးပြုခြင်း တို့ကိုဆောင်ရွက်နိုင်ပါသည်။

၁၃. Profile - ကိုယ်ရေးအချက်အလက် များ ကိုပြင်ဆင်ခြင်း

မိမိ၏ Profile တွင် ဓါတ်ပုံ၊ နာမည်ပြောင်၊ အရေးပေါ်ဖုန်းနံပါတ်နှင့် Custom field များတွင် admin မှ ပြင်ဆင်ခွင့်ပေးထားသော အချက်အလက်များကို ပြင်နိုင်ပါသည်။

၁၄. မိမိ၏ family info, files နှင့် assetsများကိုကြည့်နိုင်ခြင်း

(က) Family Info တွင် ဝင်ငွေခွန်နှင့် SSBတွက်ချက်မှုများ

(ခ) Files တွင် အလုပ်လျောက်လွှာ၊ အလုပ်ထောက်ခံစာ အစရှိသည်များ

(ဂ) Assets တွင် ကုမ္ပဏီမှ ပေးထားသော အရာများ (eg. laptop, camera, mic အစရှိသည်...) ကိုကြည့်နိုင်ပါသည်။

၁၅. ကုမ္ပဏီမှချမှတ်ထားသောမူဝါဒများကိုကြည့်ခြင်း

ကုမ္ပဏီမှချမှတ်ထားသော attendance, leave, OT policyများကို အောက်ပါအတိုင်း ကြည့်နိုင်ပါသည်။

Did this answer your question?