Skip to main content
All CollectionsPolicyMyanmar Version
Policy အသစ်ဆောက်ခြင်း
Policy အသစ်ဆောက်ခြင်း
Myo Zaw Hein avatar
Written by Myo Zaw Hein
Updated over 2 years ago

တစ်ခါတစ်ရံတွင် dashboard အသုံးပြုသူများသည် ၄င်းတို့ကုမ္ပဏီ၏ Attendance၊ OT၊ ခွင့်နှင့် payroll တို့အတွက် policy အသစ်တည်ဆောက်ရခြင်းမျိုးရှိနိုင်ပါသည်။ ပြုလုပ်ပုံ အသေးစိတ်ကို အောက်ပါ video တွင်ကြည့်နိုင်ပါသည်။

(၁) 'Setting' ကိုသွားပါ။

(၂) 'Policies' ကိုနှိပ်ပါ။

(၃) 'Add new policy' ကိုနှိပ်ပါ။

(၄) Policy နာမည်နှင့် description ရေးပါ။ ဖုန်းတွင်ပေါ်စေချင်သာ teammate ပေါ်မူတည်၍ contact list (All/ Team only/ My team/Location) ကိုရွေးပါ။ Teammate visible ကို 'My Team' ဟုသတ်မှတ်ထားလျှင် ထိုဝန်ထမ်းများထံ မည်သူမျှreportတင်ခြင်းမရှိပါကအခြားသူများကိုမမြင်နိုင်ပါ။(အားလုံးကိုမြင်စေချင်လျှင်'All'ဟုထား၍ မိမိနှင့် Department တူသောလူများကိုပဲမြင်စေချင်လျှင် 'Team Only'ထားပါ။)

(၅) ထို policy အတွက် ownership name ရွေးပါ။ Auto Attendance နှင့် Office Attendance သုံးမည်ဆိုပါက ဖွင့်ထားပေးပါ။

Attendance အသစ်ဆောက်ခြင်း

(၁)'Attendance' အောက်တွင်ရှိသော '+Add custom attendance setting' ကိုနှိပ်၍ Attendance shift ကိုဆောက်ပါ။

(၂) ထို shift အတွက် နာမည်နှင့် description ကိုရေးပါ။ ရုံးတက်ရမည့်ရက်နှင့်အချိန်တို့ကို သတ်မှတ်ပါ။

(၃) 'Confirm' နှိပ်ပါ။

(၄) teammate visible တွင် 'All/Team Only/My Team /Location' တစ်ခုခုကိုရွေးပါ။ Teammate visible ကို 'My Team' ဟုသတ်မှတ်ထားလျှင် ထိုဝန်ထမ်းများထံ မည်သူမျှreportတင်ခြင်းမရှိပါကအခြားသူများကိုမမြင်နိုင်ပါ။(အားလုံးကိုမြင်စေချင်လျှင်'All'ဟုထား၍ မိမိနှင့် Department တူသောလူများကိုပဲမြင်စေချင်လျှင် 'Team Only'ထားပါ။)

(၅) Attendance တင်ရင် Approve ပေးမည့်သူနှင့် ထိုသူမရှိပါက Approve ပေးမည့်သူကို ထည့်ထားနိုင်ပါသည်။

OT policy သတ်မှတ်ခြင်း

(၁) 'OT' ကိုနှိပ်ပြီးအချက်အလက်အားလုံးကိုဖြည့်ပါ။ (Past day limit- OTကို ဆင်းခဲ့ပြီးရှေ့ဘယ်နရက်ထိ တင်လို့ရလဲသတ်မှတ်ခြင်း၊ OT stepper- OTမိနစ်ရွေးရာတွင် ပြောင်းလဲသွားမည့်မိနစ် သတ်မှတ်ချက်၊ Minimum/ Maximum OT hours များကိုသတ်မှတ်ထားခြင်း)

(၂) OT ဆင်းသည့်ရက်အလိုက် တစ်နာရီကို ပေးမည့် OT Rateများသတ်မှတ်ခြင်း၊ OT တင်ရင် Approve ပေးမည့်သူနှင့် ထိုသူမရှိပါက Approve ပေးမည့်နောက်တစ်ယောက်ကိုရွေးခြင်းတို့ကို သတ်မှတ်ပေးပါ။

Leave policy သတ်မှတ်ခြင်း

(အကယ်၍ မိမိကုမ္ပဏီတွင် probation ဝန်ထမ်းနှင့် permanent ဝန်ထမ်းတို့၏ leave policy မတူပါက ဤarticle အတိုင်းခွဲခြားသတ်မှတ်လို့ရပါသည်။)

(၁) ၀န်ထမ်းများသည် public holiday များအတွက်အလုပ်ပိတ်ရက်ရှိမရှိကိုရွေးချယ်ပါ။ အစိုးရမှသတ်မှတ်ထားသော တရားဝင်ရုံးပိတ်ရက်ပြက္ခဒိန်ကို ထည့်/မထည့်ရွေးပါ။

(၂) custom holidays ထည့်လိုပါကမည်သို့လုပ်ဆောင်ရမည်ကို ဤ article တွင်ဖော်ပြထားပါသည်။

(၃) Leave တင်ရင် Approve ပေးမည့်သူနှင့် ထိုသူမရှိပါက Approve ပေးမည့်သူကို ထည့်ထားနိုင်ပါသည်။

(၄) leave type တစ်ခုကိုရွေးချယ်၍ ၎င်းအတွက်ပေးမည့်ရက်ကို သတ်မှတ်ပါ။ နေ့တစ်ဝက် ပေး/မပေးရွေးပါ။ Holiday တွင်သံုးခွင့်ရှိ/မရှိသတ်မှတ်ပါ။ နောက်နှစ်သို့ rollover ပေး/မပေးသတ်မှတ်ပါ။ ထိုခွင့်အတွက် စာရွက်စာတမ်း လို/မလိုရွေးပါ(ဆေးခွင့်/မီးဖွားခွင့်စသည်)။ ခွင့်ယူရန်ဘယ်နှစ်ရက်ကြိုတင်ရမည်ကို သတ်မှတ်ပါ။

(၅) ** Activate ကိုဖွင့်ပြီးလျှင် 'Confirm' ကိုနှိပ်ပါ။

Payroll policy သတ်မှတ်ခြင်း

(၁) 'Payroll ကိုနှိပ်ပါ။ တစ်ပတ်လျှင်စုစုပေါင်းအလုပ်လုပ်ချိန်ကိုသတ်မှတ်ပါ။

(၂) Day rate တွက်ရန် မိမိတို့၏ policy အလိုက် formula ရွေးချယ်ပါ။

(က) Actual Working Days

(ခ) Depend on the days of month

(ဂ) Custom days

(၃) Allowance နှင့် deduction များကို အစိမ်းရောင် tab ကိုနှိပ်၍ အဖွင့်/အပိတ် လုပ်နိုင်ပါသည်။

Tax တွက်ရာတွင် allowance များကိုထည့်တွက်မည်ဆိုပါက ‘Include in tax calculation' နှင့် ‘Include in ssb calculation' ကိုဖွင့်ပေးရမည်ဖြစ်သည်။

Deduction တွင် late,absent များကိုနှုတ်ပြီးမှ tax တွက်မည်ဆိုပါက ‘Include in tax calculation' နှင့် ‘Exclude in ssb calculation' ကိုဖွင့်ပေးရမည်ဖြစ်သည်။

(၄) 'Create Policy' ကိုနှိပ်ပါ။

Did this answer your question?