Better HR mobie app ၏ Family Info tab တွင် မိမိ မိသားစု၏အချက်အလက်များကိုပြင်ဆင်ပြီး web admin အား request တင်နိုင်ပါသည်။ ၎င်းကို Employee Update Request ဟုခေါ်ပါသည်။ မိမိ၏ request များသည် pending အဆင့်တွင် အဝါရောင်ဖြစ်ပြီး admin မှ approve ပေးပြီးသောအခါတွင် အစိမ်းရောင်သို့ပြောင်းသွားမည်ဖြစ်ပါသည်။
အသုံးပြုနည်း
၁. Mobile app တွင် Family info ကို update လုပ်ခြင်း
၁). ဘယ်ဘက်အပေါ်ထောင့်ရှိ 'Profile icon' ကိုနှိပ်ပါ။
၂). 'Family info' tab ကိုနှိပ်ပြီး update လုပ်လိုသော family info တစ်ခုကိုနှိပ်ပြီး 'Edit icon' ကိုနှိပ်ပါ။
၃). Update လုပ်ပါက ဓာတ်ပုံထည့်ရန်လိုအပ်ပါသည်။ ထို့နောက်အကြောင်းပြချက်ကိုရိုက်ထည့်ပြီး 'Send Request' ကိုနှိပ်ပါ။
သင် update လုပ်လိုက်သော request သည် pending အဆင့်တွင်ရှိနေသောကြောင့် အဝါရောင် ဖြစ်နေခြင်းဖြစ်သည်။
၂. Admins မှ request ကို approve ပေးခြင်း
၁). 'Employees' tab ကိုနှိပ်ပြီး 'Employee Update Requests' icon ကိုနှိပ်ပါ။
၂). ရောက်နေသော request ကို approve ပေးမည်ဆိုပါက 'အမှန်ခြစ်' ကိုနှိပ်ပါ။
သင်၏ Request ကို approve ပေးပြီးသောအခါတွင် အစိမ်းရောင်သို့ ပြောင်းသွားမည်ဖြစ်သည်။