သင်၏ ၀န်ထမ်းများသည် paid public holiday များခံစားခွင့်ရှိပါက Holiday Calendar ထည့်သွင်းထားရန်လိုအပ်သည်။ ဒီတော့ ics file ကိုအရင် download လုပ်ရပါမယ်။
၁). ICS ဖိုင်ကို download လုပ်ရန် အောက်ပါ link ကိုနှိပ်ပါ။
https://www.officeholidays.com/subscribe
၂). သက်ဆိုင်ရာနိုင်ငံ၏ Holiday Calendar ကိုရွေးချယ်ပါ။
၃). ics file ကို download လုပ်ရန်စာသားကိုကူးယူပြီး tab အသစ်တွင် paste လုပ်ပါ။
ICS ဖိုင်ကို download လုပ်ပြီးတဲ့အခါ၊
၁). 'Setting' ကိုသွားပါ။
၂). 'Policies' ကိုနှိပ်ပြီး Holiday Calendar (ics file) ကို import လုပ်လိုသော Policy ကိုရွေးပါ။
၃). Leave Setting အောက်တွင်ရှိသော '+ Import File' ကိုနှိပ်ပါ။
၄). Download ယူထားသည့် ics file ကိုရွေးပြီး 'Import' ကိုနှိပ်ပါ။
၅). 'Update policy' ကိုနှိပ်ပြီး 'Confirm' ကိုနှိပ်ပါ။
အောက်ပါ tutorial video တွင်လည်း အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။