Skip to main content

Inbox ထဲရှိ request messages များကိုဘယ်လိုစစ်ဆေးနိုင်မလဲ။

Myo Zaw Hein avatar
Written by Myo Zaw Hein
Updated over 3 years ago

တစ်ခါတစ်ရံတွင် Admin သည် မြောက်များစွာသော Attendance Request/ Leave Request များကို စစ်ဆေးပေးရန်အခြေအနေမျိုးနှင့် ကြုံရနိုင်ပါသည်။ Better HR ၏ inbox တွင် admin သည် မည်သည့် request သည် approve ပေးပြီးသားဖြစ်စေ၊ မည်သည့် request သည် reject ထားသည်နှင့် pending ဖြစ်နေသော request မည်မျှရှိသည်ကို filter လုပ်၍ကြည့်နိုင်ပါသည်။

Request message များကိုစစ်ဆေးရန်,

(၁) Inbox သို့သွားပါ။ ပုံတွင်ပြထားသော filter icon ကိုနှိပ်ပါ။ Category အလိုက်ကြည့်ရှုနိုင်ပါသည်။

(၂) All requests ကိုနှိပ်ပြီး status နှင့် type ရွေးပြီးကြည့်နိုင်ပါသည်။

(၃) ဥပမာအားဖြင့် Pending ဖြစ်နေသော Leave အမျိုးအစားကိုရွေးချယ်သည့်အခါ အောက်ပါပုံအတိုင်းမြင်ရမည်ဖြစ်သည်။ Pending ဖြစ်နေသော request များကို အဝါရောင်ဖြင့်မြင်ရမည်ဖြစ်ပါသည်။

(၄) Request တွေ များလွန်းပါက ၎င်းတို့ကို select ပြုလုပ်၍ Approve (သို့) Reject လုပ်နိုင်ပါသည်။

Did this answer your question?